Teacher Profile: Thingyan Nwe


Studer Trust recently conducted our English Teacher Training Online (ETTO) course. Thingyan Nwe was one of our most exemplary students, demonstrating a keen attitude and perseverance in the face of challenges to ultimately great rewards. We’d love to tell you a little more about her and her experience.

First, a bit of background about our ETTO. ETTO is a 12-week online course that began in January of 2021 with 26 participants. It aims at improving language proficiency and English teaching skills. Throughout the course, Rosetta Stone was used to conduct the majority of the curriculum. This was then supplemented by three conversational courses per week and two journal entries. Due to country-wide internet connectivity issues, the course was postponed, but the Teacher Training Center (TTC) instructors still give weekly phone calls to students to ensure the education continues.

Now, back to Thingyan Nwe. Thingyan is currently a teacher at Salay Monastic Education High School. Prior to teaching, she went to work in the garment industry, where she experienced so much pressure that she decided to change her career ambitions. It was then she discovered her love of teaching. With her students, she enjoys the most when she can improvise activities and go off script to enhance their learning experience in a fun way. She has completed many extra-curricular courses, including everything from Arts and Crafts, to Red Cross Training to our own TTC Basic and Alumni courses with Studer Trust. However, when it came to taking an English training course, she had been intimidated in the past.

From the time she was young, she had been afraid of English and struggled with the subject quite a bit. She wanted to attend prior TTC English courses but was too intimidated to do so, despite other teachers’ encouragement and her own desire to be able to instruct her students and communicate with other in English. However, with lack of classes due to COVID-19, and the announcement of the ETTO, she decided it was finally the right time to dedicate herself to this goal.

At the beginning of the course, she only understood short questions and was unable to respond. She also had a few minor issues familiarizing herself with the Rosetta Stone application. But with a careful and dedicated arrangement of her schedule and many nights of studying, she has made dramatic improvements. Now not only can she understand longer questions, but she is able to confidently answer in English as well. Despite internet cuts, she continues her practice with a downloaded version of the Rosetta Stone application and feels that her confidence in her English abilities is growing every day. Studer Trust is honored to continue to be able to support her learning, even in these less-than-ideal circumstances. We are proud of her bravery and commend her dedication to continual improvement and participation in Studer Trust TTC courses.


သင်္ကြန်နွယ် အကြောင်းတစေ့တစောင်း

မကြာသေးမီက Studer Trust သည် ဆရာမများအတွက် အွန်လိုင်း အင်္ဂလိပ်စာသင်တန်း (ETTO) ကို ဦးစီးကျင်းပခဲ့ပါသည်။ သင်္ကြန်နွယ်သည် ကျွန်ုပ်တို့ရဲ့ စံပြကျောင်းသားများထဲမှ တစ်ယောက်ဖြစ်ပြီး စိတ်အားတက်ကြွသူတစ်ယောက်လည်းဖြစ်ကာ စိန်ခေါ်မှု အခက်အခဲများကို ဇွဲရှိရှိဖြင့်ရင်ဆိုင်ပြီး ကောင်းမြတ်သည့် ဆုများအဖြစ်ရယူနိုင်သူလည်းဖြစ်ပါသည်။ သူမအကြောင်းနှင့် အတွေ့အကြုံများကို ကျွန်ုပ်တို့က အနည်းငယ် ဝေမျှပြောပြလိုပါသည်။

ပထမဦးစွာ ကျွန်ုပ်တို့ရဲ့ ETTO သင်တန်းအစီအစဉ်အကြောင်းပြောပြလိုပါသည်။ ETTO သည် ရက်သတ္တပတ် (၁၂)ပတ် ကြာမြင့်မည့် သင်တန်းဖြစ်ပြီး သင်တန်းသား (၂၆)ယောက်ဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ စတင်ပို့ချလျက်ရှိပါ်သည်။ သင်တန်း၏ရည်ရွယ်ချက်မှာ အင်္ဂလိပ်စာသင်ကြားမှုစွမ်းရည်နှင့် ဘာသာစကားကျွမ်းကျင်မှုများကို တိုးတက်လာစေရန် ဖြစ်ပါသည်။ သင်တန်းတစ်လျှောက် Rosetta Stone အား အဓိကသင်ရိုးညွှန်တမ်းအဖြစ် ပို့ချသင်ကြားခဲ့ပါသည်။ ၎င်းနောက်တွင် အပတ်စဉ် စကားဝိုင်းပုံစံသင်တန်း (၃)ခုနှင့် ဂျာနယ်မှတ်တမ်းရေးသွင်းခြင်း(၂)ကြိမ်တို့ကို ဖြည့်စွက်ပြုလုပ်ခဲ့ပါသည်။

နိုင်ငံအတွင်း အင်တာနက် ဆက်သွယ်မှုပြတ်တောက်ခြင်း ကိစ္စကြောင့် သင်တန်းကာလရွှေ့ဆိုင်းခဲ့ရသော်လည်း ဆရာများအတွက် လေ့ကျင့်ရေးစင်တာ၏ သင်တန်းပို့ချသူများက ကျောင်းသားများ ပညာဆက်လက်သင်ကြားမှုကို သေချာစေရန် အပတ်စဉ်ဖုန်းခေါ်ဆိုမှု ပြုလုပ်ပေးလျက်ရှိပါသည်။

ယခု သင်္ကြန်နွယ်အကြောင်း ပြန်လည်ပြောပြချင်ပါသည်။ သင်္ကြန်သည် စလေဘုန်းတော်ကြီးသင်ပညာရေး အထက်တန်းကျောင်းတွင် သင်ကြားနေသည့် ဆရာမတစ်ယောက်ဖြစ်ပါသည်။ စာသင်ကြားမှုမတိုင်မီ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ခဲ့သူဖြစ်သည်။ သူမသည် အလုပ်အတွင်း စိတ်ဖိအားများစွာ တွေ့ကြုံခံစားခဲ့ရပြီးနောက် သူမ၏အလုပ်အကိုင် ရည်မှန်းချက်ကို ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ပါသည်။ပြီးနောက်တွင် သူမသည် စာသင်ကြားရာတွင် ချစ်မြတ်နိုးသည်ကို ရှာဖွေတွေ့ရှိခဲ့ပါတော့သည်။ သင်ကြားမှုအတွေ့အကြုံများကို ပျော်ရွှင်စရာအဖြစ် သတ်မှတ်ထားသည့်ဘောင်အပြင်ဘက်မှ လိုအပ်သည့်အတိုင်း တီထွင်ကြံဆကာ သင်ကြားခြင်းအမှုကိစ္စတွေကို ပြုလုပ်နိုင်သည်ကို သူမသည် သူမ၏ကျောင်းသားများနှင့်အတူ ပျော်မွေ့နေလေ့ရှိပါသည်။ သူမသည် TTC မှ ပို့ချသော အနုပညာနှင့် လက်မှုအတတ်ပညာ၊ အခြေခံကြက်ခြေနီသင်တန်း စသည့် ကျောင်းသားဟောင်း သင်တန်းများအပြင် အခြားသော သင်ရိုးများစွာအတွက် သင်တန်းများကို တက်မြောက်ပြီးစီးပြီးဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ အင်္ဂလိပ်စာ သင်ကြားပို့ချသည့် သင်တန်းနှင့် ပတ်သတ်လာချိန်မှာ သူမ အတိတ်၏ ခြိမ်းခြောက်မှုကို ခံစားလာရပါသည်။

သူမ ငယ်စဉ်ကတည်းက အင်္ဂလိပ်ဘာသာရပ်တွင် အခက်အခဲရှိခဲ့ဖူးပြီး အင်္ဂလိပ်စာကို ကြောက်ရွံခဲ့ပါသည်။အ ခြားဆရာများ၏ အားပေးတိုက်တွန်းမှု‌မပါဝင်ဘဲ သူမကိုယ်တိုင် ကျောင်းသားတွေနှင့် အင်္ဂလိပ်ဘာသာစကားဖြင့် ဆက်သွယ်ပြောဆိုလိုပြီး သင်ကြားပြသလိုသောကြောင့် TTC အင်္ဂလိပ်စာသင်တန်းကို ယခင်ကတည်းက တက်ရောက်လိုခဲ့သော်လည်း တက်ရောက်ရန်အတွက် ကြောက်ရွံ့နေခဲ့ပါသည်။ မည်သို့ပင်ဆိုစေ COVID -19 ကြောင့် အတန်းများ လစ်လပ်နေချိန်အတွင်း ETTO ၏ ကြေညာချက်နှင့်အတူ နောက်ဆုံးမှာတော့ သူမ၏ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ အကောင်းဆုံးအချိန်အဖြစ် သူမက ဆုံးဖြတ်ချက်ချနိုင်ခဲ့ပါသည်။

သင်တန်း၏ အစမှာ သူမသည် မေးခွန်းတိုများကိုသာ နားလည်နိုင်ခဲ့ပြီး ပြန်ဖြေကြားနိုင်ခြင်းမရှိခဲ့ပါ။ သူမအနေနှင့် Rosetta Stone အက်ပလီကေးရှင်းနှင့် ပတ်သတ်ပြီး ရင်းနှီးမှုသိပ်မရှိသေးဘဲ အခက်အခဲ အနည်းငယ်ရှိခဲ့ပါသည်။ သူမ၏ အချိန်ဇယားစီစဉ်နိုင်မှုနှင့် ဂရုတစိုက်ရှိမှုအပြင် ရက်ပေါင်းများစွာ လေ့လာခဲ့ပြီးနောက်မှာတော့ သူမဟာ ကြီးမားတဲ့ ပြောင်းလဲတိုးတက်မှုလုပ်ဆောင်နိုင်ခဲ့ပါသည်။ ယခုလက်ရှိမှာ သူမသည် မေးခွန်းအရှည်များကို နားလည်နိုင်ရုံတင်မကဘဲ အင်္ဂလိပ်ဘာသာစကားဖြင့် အဖြေ ဖြေကြားမှုများကိုပါ ယုံကြည်မှုရှိစွာ ပြုလုပ်လာနိုင်ပြီဖြစ်ပါသည်။ အင်တာနက်ဖြတ်တောက်မှု ရှိစေကာမူ သူမသည် ဒေါင်းလုတ်ထားပြီးဖြစ်သည့် Rosetta Stone အက်ပလီကေးရှင်းကို အသုံးပြုပြီး ဆက်လက် လေ့လာသင်ယူကာ သူမ၏ အင်္ဂလိပ်ဘာသာစကား စွမ်းရည်မှာ တစ်နေ့တစ်ခြား ယုံကြည်တိုးတက်လာမှုရှိသည်ကို သူမအနေနှင့် ခံစားရပါသည်။ ယခုလို ကာလမျိုးအတွင်းတွင် Studer Trust အနေနှင့် သူမ လေ့လာသင်ကြားမှုအဖို့ အထောက်အပံ့ပေးအပ်ရသည့်အတွက် ဂုဏ်ယူဝမ်းသာမိပါသည်။ သူမ၏ သတ္တိရှိမှုနှင့် Studer Trust ၏ TTC သင်တန်းများတွင် ပါဝင်ပြီး ဆက်လက်တိုးတက်မှုများအတွက် စူးစိုက်နှစ်မြုပ်ထားမှုအပေါ်မှာလည်း ဂုဏ်ယူမိပါသည်။





Featured Posts
Recent Posts